မြန်မာပြည်အတွက်လျှပ်စစ်စွမ်းအင်

မှန်ကန်သော စွမ်းအင်အရင်း အမြစ်အချိုး

 

မျက်မှောက် ကာလတွင် မြန်မာ့လူဦးရေ၏ ၅၀% ကျော်ခန့်မှာ လျှပ်စစ်စွမ်းအင်မရရှိကြပေ ။ နိုင်ငံ အနေဖြင့် သန့်ရှင်းပြီး ပို၍ယုံကြည်စိတ်ချရသည့်အပြင် ဈေးနှုန်းသက်သာသော လျှပ်စစ်စွမ်းအင်ကိုနိုင်ငံ တွင်း နေထိုင်သူ အများစုရရှိရန်လိုအပ်နေပေသည်။ မြန်မာပြည်အတွင်း လျှပ်စစ်စွမ်းအင်ပိုမိုရရှိနိုင်ရန်အလို့ငှာ စွမ်းအားအရင်း အမြစ် မျိုးစုံမှ ထုတ်လုပ်သော အရင်းအမြစ် ပေါင်းစပ်ထုတ်လုပ်မှု အချိုးညီရန် လိုအပ်ပါသည်။

မှန်ကန်သော စွမ်းအင်အရင်းအမြစ်အချိုး ဆိုတာ ဘာလဲ။ ဤမေးခွန်း၏ အဖြေကို ကမ္ဘာအနှံ့အပြားရှိ အစိုးရ အဖွဲ့ အစည်းများ အဖြေရှာနေကြဆဲပင် ဖြစ်ပါသည်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွက် ကျောက်မီး သွေးမှ စွမ်းအင်ထုတ်လုပ်ရန် ဆွဲဆောင်မှု ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ၄င်းရဲ့ အချိန် ပြည့်ဓါတ်အားထုတ်ပေးနိုင်စွမ်းနှင့် ဈေးနှုန်းသက်သာမှုတို့ဟာ ဂက်စ် ကဲ့သို့သော အခြားသောလောင်စာဆီ များထက် ပိုကောင်းလို့ဖြစ်ပါသည်။

Myanmar at Night

GE ထံယနေ့ဆက်သွယ်ပါ

နည်းပညာ
သန့်စင်ကျောက်မီးသွေးစွမ်းအင်

ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်လုပ်ခြင်းသည်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသောအငွေ့များထုတ်လွှတ် တဲ့ ယေဘုယျအမြင်များ ရှိခဲ့သော်လည်း ယခုအခါ နောက်ဆုံးပေါ် ရေနွေးငွေ့ စက်မှု့နည်းပညာများကြောင့် ယခင်ထက် ပိုမိုသန့်စင်ပြီး စက်စွမ်းဆောင်ရည်နှုန်း အကောင်းဆုံး ဖြစ်လာပါသည်။ ဥပမာ - နောက်ဆုံးပေါ် Ultra Super Critical (USC) နည်းပညာသုံး ရေနွေးငွေဓါတ်အားပေးစက်ရုံများသည် ယခင် Subcritical နည်းပညာသုံး စက်ရုံများထက် ဓါတ်အားထုတ်လုပ်မှု စွမ်းဆောင်ရည်နှုန်း ပိုမိုမြင့်မားပါ သည်။ ၄င်း (USC) နည်းပညာ၏ စွမ်းဆောင်ရည်နှုန်း ပိုမိုမြင့်မားခြင်း တိုက်ရိုက်ကောင်းကျိုးမှာ ဓါတ်အားပိုမို ထုတ်လုပ်ပေးနိုင်ခြင်း အတွက် လောင်စာသုံးရမှု နည်းသွားခြင်း၊ အကျိုးအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နည်းသွားခြင်းအကျိုးကို ရရှိခြင်းဖြစ်ပါသည်။

USC နည်းပညာ
၄၇.၅ %
ဓါတ်အားပေးစက်ရုံ၏ အသားတင် စွမ်းဆောင်ရည်နှုန်း
Subcritical နည်းပညာ
၃၄ %
ဓါတ်အားပေးစက်ရုံ၏ ပျမ်းမျှစွမ်းဆောင်ရည်နှုန်း
စွမ်းဆောင်ရည်နှုန်းအကောင်းဆုံး (USC)နည်းပညာ၏ ပေးစွမ်းနိုင်မှု

USC နည်းပညာသုံး ဓါတ်အားပေးစက်ရုံများအနက် ကမ္ဘာမှာ စွမ်းဆောင်ရည်နှုန်း အမြင့်ဆုံးအဖြစ် ၄၇.၅% ရောက်အောင် ထုတ်ပေးနိုင်ပါသည်။ ထိုနှုန်းဟာ ပျမ်းမျှစွမ်းဆောင်ရည်နှုန်း ၃၄% ပဲ ရှိသည့် Subcritical နည်းပညာထက်အများကြီးမြင့်မားပါသည်။ထိုစက်ရုံမှာ GE ၏ RDK 8 ကျောက်မီးသွေးဓါတ်အား ပေး စက်ရုံ ဖြစ်ပါသည်။ နည်းပညာ (၂)ခု ကြား ၏ စွမ်းဆောင်ရည်နှုန်း တစ်ရာခိုင်နှုန်း ကွာခြားချက်တိုင်း မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု့၊ (၂%) လျော့ကျနိုင်ပြီး အကျိုးအားဖြင့် USC နည်းပညာသည် Subscritical နည်းပညာထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု (၂၆%) ပိုမိုလျော့ချနိုင်မှုကို ရရှိပါသည်။ ၄င်းအပြင် ဓါတ်ငွေ့ ထုတ်လွှတ်မှု့ ထိန်းချုပ်သော အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများကို တပ်ဆင် လိုက်ခြင်းအားဖြင့် NOx , SO2 နှင့် အမှု့န်အမွှားများကို သန့်စင်ဖယ်ရှားပေးပြီး GE ၏ USC နည်းပညာသုံး ကျောက်မီးသွေး ဓါတ်အားစက်ရုံများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနှင့် လျှပ်စစ်စွမ်းအင် ကို အများဆုံး ထုတ်လုပ်ပေးနေပါသည်။

ေဖြေ ရှင်း ချက်

GE ၏ USC နည်းပညာသုံး ဓါတ်အားပေးစက်အသေးများ

 

ယခုအချိန်တွင် GE အနေဖြင့် USC နည်းပညာသုံး စက်များကို ပိုမိုသေးငယ်သော စက်ယူနစ်များ (၁၅၀ MW မှအထက် ) ထုတ်လုပ်ပေးနိုင်ပြီး ထိုစက်အသေးများသည် မြန်မာပြည်လျှပ်စစ်စွမ်းအင်လိုအပ်ချက်နှင့် ဓါတ်အား စနစ်အတွက် အသင့်တော်ဆုံးစက်များဖြစ်ပါသည်။ အဆိုပါ USC နည်းပညာသုံး စက်အသေးများသည် စွမ်း ဆောင်ရည်နှုန်း မြင့်မားသည့် အကျိုးကျေးဇူးအပြင် မြေနေရာအကျယ်လိုအပ်ချက် သက်သာခြင်း၊ တပ်ဆင် ရ လွယ်ကူခြင်း၊ မြန်ဆန်စွာ တည်ဆောက်နိုင်ခြင်း၊ ငွေကုန်ကြေးကျ စရိတ် သက်သာခြင်း စသော အကျိုး ကျေးဇူးများကိုလည်း ရရှိပါသည်။ ပျမ်းမျှအားဖြင့် GE ၏ USC နည်းပညာသုံး စက်အသေးများသည် ယခင် နည်းပညာများထက် စွမ်းဆောင်ရည်နှုန်း (၂%) ပိုမိုရရှိပါသည်။

မြန်မာပြည်သည် လျှပ်စစ်စွမ်းအင်ကို လိုအပ်လျှက်ရှိပါသည်။ ထိုအတွက် သန့်ရှင်းသော၊ ဓါတ်အား စနစ်အတွက် ယုံကြည်စိတ်ချရသော ဈေးနှုန်းသက်သာမှုကိုလည်း ပေးနိုင်သော ကျောက်မီးသွေးဖြင့် ရေနွေး ငွေ့စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံများသည် တိုင်းပြည်၏ စွမ်းအင်အရင်းအမြစ်အချိုးမှာ ဆက်လက်ပါဝင် နေရမည် ဖြစ်ပါသည်။ GE သည် မြန်မာပြည်တွင် ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုအနေဖြင့် ရှိနေပြီး ၄င်း၏ USC နည်းပညာသုံး စက်အသေးများဖြင့် တိုင်းပြည်၏ လျှပ်စစ်စွမ်းအားလိုအပ်ချက်ကို ဖြည့်တင်းကြပါစို့။